Thursday, August 9, 2012

အရင်ဆုံးအနေဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ဆန်းစစ်ကြည့်သည် ပြီးမှ ပါတ်ဝန်းကျင်က ဆုံးဖြတ်ရန်


  • အရင်ဆုံးအနေဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ဆန်းစစ်ကြည့်သည် ပြီးမှ ပါတ်ဝန်းကျင်က ဆုံးဖြတ်ရန်

ပါတ်ဝန်းကျင်။
ထမင်းသိုး ဟင်းသိုး ဖြစ်တည်။
ထမင်းသိုး ဟင်းသိုး ရဲ့ အဓိပ္ပါယ်
အရင်ဆုံး ဦးစွာ လေ့လာသင့်သည်မှာ ထမင်းသိုး ဟင်းသိုးထက်
ဆန်ဘယ်ကရ??
(1) သင် မတ်မတ် ရပ်ဖူးပါသလား???
(2) သင့်အရေးအသားဟာ သင့်တွေးတောမှုအပေါ် မူတည်ပါသလား??
(3) ပညာကို ကြောက်ရွံသော ရောဂါတစ်မျိုးများ ဆွဲကပ်နေပါသလားး ??
ထမင်းသိုး ဟင်းသိုးထက် သိမှုအပုပ်အသိုးက ရှောင်ရားရန် လိုအပ်ကြောင်း။

ပန်းသီးလေး  ဆန့်ကျင်စွာ လေပေါ်ဝဲသွားတယ်
အဲဒါ ကျွန်တော် ပစ် လိုက်တာ။
(1) အစီအစဉ်အတိုင်း တဖြည်းဖြည်းချင်း ပြောင်းလဲယူ
(2) ဆိုရိုး ကို ကန်ရိုး ထုံးစံ။
(3) သင်ဧ။် အမှန်တရား တော်လှန်ရေး
တရား တရား တရား တရား
ရှာဖွေရင်းဖြင့် ရင်းဖြင့် အရင်းအမြစ်ပျောက်
မတရား မတရား မတရား။

တ ရား မျှ တ မှု အ တွက် မ တ ရား နည်း နည်း တော့ လုပ် မိ တယ် ကိုယ့် လူ။

အ မှတ် စဉ် အ ရေ မ ခံ နိုင် အောင် အရေပြားများပွန်းပဲ့။
ခေါင်းမိုးကလေးလည်း မိုးရေ တရွှဲရွှဲ။
ခေါင်မိုး။ ကလေးလည်း မိုးရေ တရွှဲရွှဲ။
စိတ်ကူးဥာဏ် ကလေးလည်း မိုးရေတွေ တရွှဲရွှဲ။
ဒိုင်မင်းရှင်း အတိုင်းပဲ ကြည့်တယ်
ကြည့်တိုင်းလည်း မမြင်ရရင် ဖျံတွေ ပြန်သွားလို့ပဲ
ကိုယ့်ရဲ့ တံဆက်မြိတ်လည်း မိုးရေတွေ ရွှဲ
ရန်ကုန်ကို လူကုံ ထံတွေ ဖုံးလွှမ်းသွားသလို
မိုးရေတွေ ရွှဲ။ မေလည်း မိုးရေတွေရွှဲ။
ဇွန်လည်း မိုးရေတွေရွှဲ။ ဇူလိုင်ကတော့ နှပ်တွေကောမိုးတွေကော။
မသိတတ်မှုတွေကို သရော်မော်ကား ပြုချင်ဟန်ဆောင်နေတယ်။
ဒီနေ့ ဒီအချိန်အထိ တိုင်းတာချက်များအရတော့
မည်သူမဆို လွတ်လပ်စွာ ဆဲရေးခွင့် ရနေတဲ့အချက်ပဲ
ဖျံတွေ မိုးပေါ်မှာပဲ ပျံအုံးမှာ ကျိန်းသေ။

အနောက်ရိုးမ။ ပြုန်းပီ။
ကချင်ပြည်နယ်။ပြုန်းပီ။
ဖျံတွေနဲ့ ငွေ အတူမနေ ပြုန်းပီ။
ပျင်းရိမှုတွေနဲ့ပဲ ဘ၀ဟာ ငြိမ်းချမ်းနေလေရဲ့။
ဘ၀ဟာပျင်းရိနေလေရဲ့။
ပျင်းရိခြင်း အကြောင်း ရှာပေးရန်
(1) ပင်ကိုယ်ပါရမီအရ မတော်မတရား ပျင်းခြင်း ဖြစ်ပါသလား??
(2) နှစ်မြုပ်ခံ အတိုင်းအတာအရ ပျင်းရိခြင်း ဖြစ်ပါသလား ??
(3) ရှေးအစဉ်အာလာကို စောင့်ထိန်း၍/မတော်လှန်နိုင်၍ ပျင်းရိပါသလား ??

အကြောင်းပြချက်တွေကို ပြန်လည်ချပြရာမှာ ပို၍ ပျင်းရိခြင်း။

လမ်းလေးထဲကို ပြန်လာတယ်
လူမှုဘ၀ အရှုပ်အထွေးတွေကို ကဗျာထဲထည့်လိုက်တယ်
လုံးဝကျိန်းသေ ပျင်းရိစရာ အခြေအနေမှာ
မပျင်းရိ
အား
ဝါကျတည်
ဆောက်ပုံတွေ
ကော်လာခ်ျ့်တွေ ကော်လာကြီးတောင့်နေပုံတွေ
ဒါမဟုတ် နောက်တစ်ခါ ပြန်ဒါ ရင်း ဒါဒါရပုံတွေ
ဖလက်ပြနေသော ဖလက်ဖ် တွေ
ပျင်းရိဖို့ ကောင်းသလို နှင့် မပျင်းရိအား
နဂို ပုံစံအား ပြန်လည် သုံးသပ်/သတ် ပီးနောက် မပျင်းရိသူ အဖြစ်မှာ
ပျင်းရိသူတွေရဲ့ စုပ်လုံးတွေ ၊ ၀ါးပီးသား ပီကေတွေ ၊
ငြီးငွေ့မှု လက်တံတွေ လာလာကပ်။
နောက်ပိုင်းအား အလွမ်းဇာတ်အဖြစ် ရှုမြင်ပါ။

ကျွန်တော်ဟာ လစ်ရစ် နွံမှာ ပျော်ရွှင်စွာ ကျွံဝင်သူပါ။
ကျွန်တော်ဟာ ငါအဓိကထား ငါလေးပါ။
ကျွန်တော်ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းအောင်ရဲ့ အရေးဟု ထင်မြင်သူပါ။
ကျွန်တော်ဟာ ကျွန်တော့်အကြောင်း ကဗျာရေးသူပါ။
ကျွန်တော်ဟာ အဆံမပြည့် လူ့ခြင်္သေ့ဆိုသူများကို မပစ်ပယ်လိုသူပါ။
ကျွန်တော်ဟာ ဆင်နှစ်ကောင် ဖင်ထောင်ကအောင် လေကျယ်သူပါ။
ကျွန်တော်ဟာ ယခုရေးသားထားမှုများအား ကန်ပစ်ချင်သူ။
ကျွန်တော့်အကြောင်း ကျွန်တော်မသိပါကနေ ပြန်လည်ရှင်းလင်းပြောဆိုပါ့မည် ။

ဥပဒေ ဟို သွားလာနေသော လူများ ပြည့်ကျပ်ညပ်နေသော
လမ်း

တိုးဝှေ့
ဝင်
ရောက်လာသောအခါ။
လေးလံလာပါကြောင်း။
ပြည့်ညှပ်လာပါကြောင်း။
ရုပ်ပိုင်းဆိုင်ရာ အဓိက မိသားစု နှင့်
လူသားဆန်မှုများကို ထည့်မသုံးလိုပါ။
နှင့်
ဝေလေလေ ကန်ပိမ်း။
ကိုယ့် ညီလာခံ နှင့် ကိုယ် ထောက်ခံလေ့ရှိ။

1,2,3 များသည် အမေး များဖြစ်သည်။
1,2,3 များသည် အဖြေ များဖြစ်သည်။
1,2,3, များသည် ဖြေရှင်းချက်များဖြစ်သည်။
အမေးများ အဖြေ များ ဖြေရှင်းချက်များ
မရှိသည့်
ဘဝ
နတ္ထိ
ဟုသာ။

  • မောင်မြတ်သူ

No comments:

Post a Comment