Thursday, August 9, 2012

မီးရထားကြီး စီး ခရီးသွားကြမည်


  • မီးရထားကြီး စီး ခရီးသွားကြမည်

ပျော်ပျော် ပါးပါး ကြီး အပျော် ခရီး သွားကြမယ်ပေါ့
လိုတာထက် ပိုမြန်ချင်ရင် အမြန်ရထားစီးပေါ့
အမြန် ရထား ဆိုပေမယ့်
မြန်ချင် မြန်တယ် မမြန်ချင် မမြန်ဘူး
လက်မှတ်
ရောင်းချင်ရောင်းတယ် မရောင်းချင် မရောင်းဘူး
ထွက်ချိန်
မှန်ချင်မှန်မယ် မမှန်ချင်မမှန်ဘူး
အရေးကြီးတာ စီးဖို့ပဲ ။
ဒါရှိ ဒါစီး ဒါမစီးရင် ဘာစီးမလဲ။
လက်မှတ်တွေ ၀ယ်ဖို့
အပေါင်းအသင်း ကဏ္ဍ လည်လည် ၀ယ်ဝယ်
ရှိမှု ဟာ အရေးပါသည်။
အထူးတန်း လို့ ပြောသည့် အထူးတန်းဆိုတာ ဘယ်လို နားလည်သလဲ?
အထူးတွေ တန်းစီထားတာကို အထူးတန်း ဟုခေါ်သည်။
ရိုးရိုးကြီးတွေလည်း တန်းထားတယ်။
ကုန်တွေသယ် ထားတဲ့ ကုန်သည်များ အများဆုံး မြင်တွေ့ရ
ကုန်တွေ ဘယ်လိုများ သယ်ကြသလဲ?
အမြန်သယ်ပို့ ဖို့အတွက် အမြန်ရထားနဲ့ သယ်ကြတယ်
ရထားပေါ် ချဉ်းကပ်မိသည် နှင့် တစ်ပြိုင်နက်
ဈေးရောင်း ဈေးဝယ်တွေ မြင်ရမယ်
ထမင်းထုပ်တွေလည်း ကြက်သားနဲ့ ငါးရာ
ပီကေတွေ ကွမ်းယာတွေ စီးကရက်တွေ။
အိပ်ချင်လာ ပါသလား အမှီအုံးလေးတွေ ငါးရာထဲ
ရောင်းကြတယ် ၀ယ်ကြတယ်
လူတွေ ရောင်းကြတော့ လူတွေဝယ်ကြ
မီးရထားကြီး ထွက်တော်မူ ဘူတာက မခွာမချင်း
ရောင်းကြ ၀ယ်ကြ
မီးရထားကြီး ထွက်တော်မူ ဘူတာက ခွာလည်း
ရောင်းကြ ၀ယ်ကြ
အထူးတန်းမှာလည်း မထူး ဆန်းတော့ပါဘူး
ရောင်းကြ ၀ယ်ကြ။
ဂျပန်မှာ ရထားစီးရင်း ရှန်ပိန်သောက်လို့ရတယ်
ဒို့များကတော့ ရထားစီးရင်း အကတိုက် သီချင်းတိုက် တိုက်ချင်ရာတိုက်
ရထားကြီးထွက်သည်နှင့်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
*အရှေ့ကို ရှိတ် 'အိုး' တော်ရိလျော်ရိလေးပဲ အနောက်ကို ရှိတ် 'အိုး' တော်ရိလျော်ရိလေးပဲ*
မြင်တတ်ရင် မြတ်နေတာကြီး
ပျော်တတ်တော့လည်း ပြဲ။
ကဲ မီးရထားကြီးစီး ခရီးသွားကြမည်
ပြည်တွင်းဖြစ် သံလမ်း တရုပ် ခေါင်းတွဲနှင့်။

  • မောင်မြတ်သူ
*ဂျီတုန်း နှင့် ကြက်ဖ တို့ဧ။် သီချင်းစာသား(ခေါင်းစဉ်မမှတ်မိ)

No comments:

Post a Comment