Friday, August 24, 2012

သူလည်းတိုက်ရင်း ကိုယ်လည်းခံရင်း ဖန်ခွက်ကလေးများ ခွမ်းခနဲ

  • သူလည်းတိုက်ရင်း ကိုယ်လည်းခံရင်း ဖန်ခွက်ကလေးများ ခွမ်းခနဲ

အလုပ်မရှိ ချစ်တီးခေါင်းက သန်းကို ရှာဖို့
သူ ကြိုး စားနေတယ်ကြားတယ်
အရေးမပေါ်တော့လည်း အရာကမသွင်းခံရ
အခု နောက်ပိုင်း
သူသောက်သောက်လာတာပါပဲ
သောက်ရင်ရူးတယ်
ရူးလို့သောက်တယ်လည်း သူပြော
သောက်ရင်းရူးရုးလာတော့
သူ သောက်ရူး ကြီးဖြစ်ဖြစ်လာတယ်
အမေကတော့ သူ့ကို တွေ့ရင်
အရည်တွေ သောက်သောက်မလာပါနဲ့လို့ ပြောပြောလွှတ်တာပါပဲ
အရည် မသောက် ဘာသောက်ရမလဲ သူက ပြန်ပြန်မေး
ဒီလိုနဲ့..
ဒီလိုနဲ့ တဖြည်းဖြည်းချင်း
ပြောင်းလဲယူဖို့သာ ကိုယ်ကစောင့်
ကိုယ်စောင့်တိုင်း သူက မစောင့်
သူနဲ့ကိုယ်နဲ့ သုံးနဲ့လေးပဲ
သုံးရမှာတောင် လေးလေးလာတယ်
ရင်ထဲများ မကောင်းပါ
နဂိုကတော့ ကျောချင်းကပ်
ဘာပဲဖြစ်ဖြစ် အတူတူ ရှေ့ထွက်
ခုတော့ မဖြစ်စလောက်ကလေးများ မြင်မြင်ရလည်း
မဖြစ်ညစ်ကြယ်တွေ သူ ထထတွေး
မဖြစ်နိုင်နိုင် ဖြစ် နိုင်နိုင်
ထထ လုပ်
ထထ မလုပ်ရင် ထိုင်လုပ်ရမလားလို့လည်း သူပြန်ပြန်မေးတာပါပဲ။
အင်း သူ့ခမျာ တရေးနိုးလေး ထထဆဲပြီး
နာမည်ကြီးချင်နေတာ ကိုပဲ
ကိုယ့်မှာ ပိုပို သနားမိ
တော်လှန်ရေးကာလ ကလည်း ပြီးပီဆိုတော့
တိုက်စရာကလည်း မရှိတော့
သူ့ခမျာ ခွက်ပဲ အချင်းတိုက်လိုက်
အိမ်ကြက်ချင်းပဲ အိုးမဲသုတ်ပီး တိုက်လိုက်
အိမ်ခွေးအချင်းချင်း ရှုး ထ တိုက် လိုက်
တိုက်လိုက် လိုက်တိုက်။
ကိုယ့်မလည်း ဘယ်တော့မှ နားနားမနေရ
သူရှုပ်သမျှတွေ လိုက်လိုက်ရှင်း
သူရှင်းသမျှတွေ လိုက်လိုက်ရှုပ်
သူနဲ့ကိုယ်နဲ့တော့ ဟုတ်တော့ ဟုတ်တုတ်တုတ်။
ငွေ စက္ကူတွေ စက္ကူပေါ်က ငွေတွေ
ငွေတွေနဲ့ စက္ကူတွေ
သူလည်းလိုက် ကိုယ်လည်းလိုက်
အတူတူ ကို သူဘာလို့များ တမူးပိုယူချင်တာပါလိမ့် ??
သူတိုက်လိုက် တွန်းလိုက် တိုက်တွန်းလိုက်နဲ့
ကိုယ်လည်း အတိုက်ခံလိုက် အတွန်းခံလိုက်
အတိုက်အခံဖြစ်လိုက်နဲ့
သူလည်း သောက်ရင်းရူးတဲ့သောက်ရူးကြီးကနေ
လယ်ယာမြေတွေ ခလုတ်ထထတိုက်
အလုပ်သမားတွေ ကို ခ လုတ်ထထတိုက်
အချင်းချင်းကို ခလုတ် ထထတိုက်
ဟိုအော်ဒီအော် နဲ့ ခလုတ်ထတိုက်
ခလုတ်တိုက်ရာကနေ ဖားပြုတ်ကိုက်
တရုတ်ရိုက်
ခွမ်းခနဲ မန္တလေး
ခွမ်းခနဲ မူဆယ်
သတိမမူ
ကုလားအုတ်ကြီးဝင်။

  • မောင်မြတ်သူ

No comments:

Post a Comment