Thursday, August 9, 2012

လူသားအများအပြား သုံးစွဲကြသော မတူညီသည့် ဘာသာစကား


  • လူသားအများအပြား သုံးစွဲကြသော မတူညီသည့် ဘာသာစကား

စကားလုံးနှစ်လုံးဖြစ်သည်။
မြန်မာလို-အ၊ ခ(ခွေး)ျ(ယပင်း) ) ၊်(စ သတ်)ဟု စာလုံးပေါင်းသည်။
လူသိအများဆုံး ဘာသာစကားမှာ ၊ L O V E (လဗ်ဟု မြန်မာသံ ထွက်သည့် သိုးဆောင်းစကားဖြစ်)။
လူသားတို့ တီထွင်သည်။
အကောင်အထည် မမြင်ဖူးသေး။
အနံ၊အရသာ မရှိ။
သိပ္ပံပညာရှင်များ မဆန့်ကျင်သောအရာဖြစ်သည်။
ရုပ်ဝတ္ထု ၀ါဒီများလည်း လက်ခံကြသည်။
စိတ်ခံစားမှုသမားများအတွက်တော့ ဆိုဖွယ်ရာမရှိ။
ဘုရားသခင် စတင်ဆန့်ကျင်သည့် အဓိက တွန်းအားဟု ပြောကြသည်။
ပန်းသီးနှင့်လည်း ခိုင်းနှိုင်းသည်။
ကမ္ဘာဦး အစထဲကဟု ဆိုကြသည်။
အာဒံ နှင့် ဧ၀ မိဘစကား နားမထောင်ခြင်းဟု သိကြသည်။
စိတ်ခံစားမှုဟုလည်း တစ်ချို့ဆိုလိုသည်။
ဘ၀မှာ မရှိမဖြစ်ဟု တစ်ချို့များ ပြောသည်။
ကဗျာ ဆရာများ ၊ စာရေး ဆရာများ ၊ သီချင်းရေး ဆရာများ
စသည်တို့ဧ။် သုံးစွဲမှုမှ ဂန္တ၀င်ဆန်စွာ ပြန့်ပွားလာသည်။
လူတိုင်း မသုံးဖူးရင် ခေတ်မမှီသောစကားရပ်လည်းဖြစ်သည်။
တစ်ချို့က နားလည်သည်ဟုဆိုသည်။
နားလည်သည့် လူများ လည်သည်
မလည်သည့် လူများ မလည်
အကြမ်းဖျဉ်း ခွဲခြား သတ်မှတ်နိုင်ကြောင်း။
စစ်နှင့် တတန်းထားရလောက်အောင် အန္တရာယ်များကြောင်း။
ဘာသာ တရားများ ၊ ကိုယ့်ကျင့် စံနှုန်းများ ၊ အတွေးအခေါ်များ ၊
အများ အပြား အား ကန်ကျောက်ပြစ်လေ့ရှိ။
အသားအရောင်ကွာဟချက်ကို ဆန့်ကျင်သည်။
လိင်တူချင်း ဆက်ဆံခြင်းမှာ အသုံးပြုကြသည်။
ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်ရာတွင် အဓိက အသုံးပြုလေ့ရှိသည်။
တစ်စုံတစ်ခုအတွက် မသိလည်း သုံးစွဲနိုင်သည်။
သူရဲကောင်းတော်တော်များများ မယားတရူးလျင် အသေဆိုးနှင့် သေရတတ်ကြောင်း
ဥပမာ ဥပမေယျ များစွာထားရှိကြသည်။
နီရိုး ဘုရင် တယော ၊ ကလီယိုပါထရာ လုပွဲ ၊ မင်းနန္ဒာ အသက်ရှုကျပ်၍ သေဆုံးခြင်း ၊
ရိုမီယို အဆိပ်သောက်ခြင်း ၊ မဆီမဆိုင် တိုက်တန်းနစ် ခြင်းများသည် ကြီးကျယ်သော သာဓကများဖြစ်။
ဲဂြိုလ်သားများ ၊ စက်ရုပ်များ ၊ ကွန်ပျူတာများ ၊ ကိုးမားဝင်နေသူများ မှာ မရှိဟု အကြမ်းဖျဉ်းကောက်ချက်ချသည်။
လူသားတို့ဧ။် သိမှုကို ဖော်ကြူးသည့် ဘာသာစကားသာဖြစ်ကြောင်း
နားမလည်/မသိရှိ လည်း သုံးစွဲနိုင်/ရေးသားနိုင်ကြောင်း။
ရှားရှားပါးပါး ဘုံပိုင် ပစ္စည်းတစ်ခု ဖြစ်ကြောင်း။
အများအပြား ပိုင်ဆိုင်နိုင်ကြောင်း
တစ်ယောက်မကောင်းလျင်လည်း တစ်ယောက် အချိန်မှီ ပြောင်းနိုင်ကြောင်း။
သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။

  • မောင်မြတ်သူ

No comments:

Post a Comment